NUG ကာကွယ်ရေးဝန်ကြီးဌာန အောက်က ညောင်ဦး ပကဖ တပ်ခွဲ ၃ အဖြစ်က 21 Bagan နုတ်ထွက်

Author CJ Platform
Categories
Published on Apr 24, 2025

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ရှိ မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပကဖ အဖွဲ့ရဲ့ တပ်ခွဲ ၃ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ 21 BAGAN – LPDF အနေနဲ့ ဒီကနေ့မှာ MODက နုတ်ထွက်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၁ ရက်နေ့မှာ 21 BAGAN – LPDF အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် မေလ ၁၈ ရက်နေ့မှာ ညောင်ဦးမြို့နယ် ပကဖ အဖွဲ့ တပ်ခွဲ ၃ အဖြစ် NUG MOD လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ တရားဝင်နုတ်ထွက်တယ်လို့ ထုတ်ပြန်လာတာပါ။

 

21 BAGAN – LPDF အနေနဲ့ ပြည်သူ့ အလှူငွေနဲ့သာ ရပ်တည်ပြီး တက်နိုင်သလောက် ရှိရာ လက်နက်နဲ့ ပြည်သူကို ကာကွယ်မှု ပေးနေပေမဲ့ အကောင်းအမြင်မခံရပဲ အပစ်တင်ခံရပြီး တော်လှန်ရေးအဖွဲ့စည်း အချင်းချင်းပင် လေးစားမှုမရှိခြင်းတို့ကြောင့် နုတ်ထွက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ညောင်ဦးမြို့နယ် ပကဖ အဖွဲ့က ပေးအပ်ခဲ့တဲ့ MA1 သေနတ် ( ၂ ) လက်၊ ၅.၅၆ ကျည် အတောင့် ၂၀၀၊ ကျည်ဘောက် ( ၆ )ဘောက်ကိုလည်း  ပြန်လည် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

 

အမျိုးသားညီညွှတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကနေ နုတ်ထွက်ခဲ့ပေမဲ့ တော်လှန်ရေးကနေ လုံးဝရပ်နားသွားမှာ မဟုတ်ပဲ LPDF အဖြစ်အလုပ်လုပ်မယ့် မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲကာ အလုပ်လုပ်ဆောင်သွားမည်လို့ ကတိပြုထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – 21 BAGAN – People Defense Force

 

Related News

Depend on news