မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ မှော်ဘီမြို့နယ် အမှတ်(၄)လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို Operation Flame (OF) မှ ဖေဖေါ်ဝါရီ ၂၃ရက်နေ့ ညနေ ၆နာရီ ၅၀မိနစ်ခန့်တွင် အဝေးထိန်းမိုင်းကို အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ OF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူဆီက သိရပါတယ်။
စုစုပေါင်း မိုင်းနှစ်လုံး အသုံးပြုခဲ့တာဖြစ်ပြီး တစ်လုံးဟာ ယမ်းအားပျော့သွားတာကြောင့် ပေါက်ကွဲအားနည်းပါးသွားခဲ့ရတယ်လို့ Operation Flame (OF) အဖွဲ့က ဆိုပါတယ်။
အဝင်အထွက်ဂိတ်ပေါက်အနီးဆုံးနားမှာ ချထားပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဝင်အထွက်ချိန်ကို ချိန်ကိုက် ဖောက်ခွဲခဲ့တာဖြစ်ပေမဲ့ ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ အဲဒီအဖွဲ့က ဆိုပါတယ်။
ဓာတ်ပုံ – Operation Flame (OF)