ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦး ကွပ်မျက်ခံရမှု ၂ နှစ်ပြည့် အမေရိကန်သံရုံး လွမ်းသူ့ပန်းချ

Author အညာသား
Categories
Published on Jul 23, 2024

စစ်ကောင်စီက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကွပ်မျက်မှု ၂ နှစ်ပြည့်အမှတ်တရ လွမ်းသူ့ပန်းချခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

 

ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ စစ်ကောင်စီကြောင့် ကျဆုံးသူများအမှတ်တရနေရာမှာ ယနေ့အထိ ကျောက်တုံး ၅,၄၀၀ နီးပါး အသိအမှတ်ပြုထားရှိပြီးဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တဟုန်ထိုးမြင့်တက်လာတဲ့ မြန်မာနိုင်ငံ ပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ၎င်းတို့အနေဖြင့် ပူဆွေးသောက ရောက်ရတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ကြိုးပေးစီရင်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

 

ဓာတ်ပုံ – U.S Embassy in Myanmar