“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇွန် ၁၆ မှ ၂၂ ရက်အထိ)
“တက်မြဲ တက်ဆဲ နိုင်ငံခြားငွေကြေးများ”
အရင်အပတ်က ဈေးနှုန်းတက်ခဲ့တဲ့ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးအားလုံးနီးပါး ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းခဲ့တဲ့ ရက်သတ္တပတ်လို့ ဆိုရပါမယ်။
အမေရိကန် တစ်ဒေါ်လာကို ၃၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀ ကျပ်ကျော်နဲ့ မလေးရှားတစ်ရင်းဂစ် ၂ ကျပ်တာကို တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ဂျပန်ယမ်းနဲ့ တရုတ်ယွမ်ဈေးတွေကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။
ဇွန်လ ဒုတိယအပတ် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၈၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၃၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၂၃ ကျပ်ကျော်၊ ဂျပန် တစ်ယမ်း ၂၈ ကျပ်ကျော်၊ မလေးရှား တစ်ရင်းဂစ် ၉၆၂ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၂၅ ကျပ် ဈေးရှိပါတယ်။