“ဒီတစ်ပတ်ရွှေဈေး အတက်အကျ” (ဇွန် ၁၆ မှ ၂၂ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jun 23, 2024

“ပြန်ကျလာတဲ့ ပြင်ပရွှေဈေး”

ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည် ပြောင်းလဲနေတဲ့ ရွှေဈေးကွက်ဟာ ဒီတစ်ပတ်မှာတော့ ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့သလို မြန်မာ့ရွှေဈေးကလည်းအနည်းငယ် ပြန်ကျလာခဲ့ပါတယ်။

 

ကျတယ်ဆိုတာ စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းရဲ့ ဈေးနှုန်းတွေထက် ရှစ်သိန်းခန့်များနေဆဲဖြစ်သလို ၁၆ ပဲရည်တစ်ကျပ်သား ၅၃ သိန်းခွဲအထိရှိနေဆဲဖြစ်ပါတယ်။

 

ပြည်တွင်းရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ်ကထက် ၁၅ ပဲရည် နဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းတွေဟာ တစ်သိန်းကျော်တူညီစွာ ကျဆင်းလာခဲ့တာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ် စနေမှာ တစ်အောင်စကို အမေရိကန် ၂၃၃၃ ဒေါ်လာပိတ်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၃၂၀ ဒေါ်လာကို ကျသွားပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်ထဲမှာတော့ တစ်အောင်စ ၂၃၃၇ ဒေါ်လာအထိ ကြာသာပတေးနေ့မှာ မြင့်တက်ခဲ့ပါသေးတယ်။

 

ဇွန်လ ၂၂ ရက် စနေနေ့ ပြင်ပဈေးကွက်ထဲ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၃ သိန်းခွဲကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၀ သိန်း တစ်သောင်းကျပ်ဈေးရှိနေချိန် စစ်ကောင်စီလက်အောက်ခံ YGEA ရဲ့ ဈေးနှုန်းကတော့ အကယ်ဒမီမီးလင်းရွှေ(၁၆ ပဲရည်)တစ်ကျပ်သား ၄၅ သိန်းကျော်သတ်မှတ်ထားပါတယ်။