မန်တုံမြို့မှာ ရေကြီးလို့ နေအိမ်အများအပြားပျက်စီးပြီး သိန်းရာကျော်ဆုံးရှုံး

Author လဂွန်းအိမ်
Categories
Published on May 23, 2024

ရှမ်းပြည်(မြောက်ပိုင်း) တအာင်းဒေသ မန်တုံမြို့မှာ မိုးသည်းထံစွာရွာသွန်းခဲ့လို့ ရေကြီးရေလျှံမှုဖြစ်ကာ နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့လို့ သိန်းရာကျော်ဆုံးရှုံးခဲ့ရကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး  (PSLF/TNLA) က မနေ့ကထုတ်ပြန်ထားပါတယ်။

နှစ်စဉ်ရေကြီးရေလျှံမှုခံစားရလေ့ရှိတဲ့ မန်တုံမြို့မှာ အခုရေကြီးမှုဟာ မိုသည်းထန်စွာရွာသွန်းမှုကြောင့်လို့ဆိုထားပြီး နေအိမ်တွေအတွင်းမှာရှိတဲ့ ပစ္စည်းတွေ မြောပါပျက်စီးခဲ့တာကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ပမာဏ ကျပ်သိန်း ၁၁၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် နှစ်တိုင်းလမ်းတွေ ပိတ်ထားခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရှိရပြီး ရေကြီးမှုကြောင့် ပြည်သူတွေ ဘယ်လိုအခက်အခဲနဲ့ရင်ဆိုင်နေရတယ်။ PSLF/TNLA အနေနဲ့ ဘယ်လိုကူညီမှုတွေ ဆောင်ရွက်ထားတယ်ဆိုတာကိုသိရှိနိုင်ဖို့ CJ Platform က PSLF/TNLA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့အပတ်ထဲမှာလည်း မိုးသည်းထန်ပြီး လေပြင်းတွေတိုက်လို့ မန်တုံမြို့မှာရှိတဲ့ နေအိမ် သုံးလုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA