ကျိုက်ထီးရိုး တောင်တက်ကားတွေ ဈေးတက်ပြီ

Author CJ Platform
Categories
Published on Mar 23, 2026

ကင်မွန်းစခန်းကနေ ကျိုက်ထီးရိုးဘုရား ရင်ပြင်အနီးကို ပြေးဆွဲပေးနေတဲ့ တောင်တက်ကားတွေလည်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒီကနေ့ မတ် ၂၃ ရက်က စတင်ကာ ဈေးနှုန်း မြင့်တက်ခဲ့တယ်လို့ ဘုရားဖူးသွားလာသူတွေဆီက သိရပါတယ်။

 

တောင်တက်ကားတွေမှာ ကင်မွန်းစခန်းကနေ ကျိုက်ထီးရိုးဘုရား ရင်ပြင်အထိ ခရီးသည်တစ်ဦးကို ခေါင်းခန်း ကျပ် ၁၁၀,၀၀၀၊ နောက်ခန်း ကျပ် ၉၀,၀၀၀ ကို ပြောင်းလဲကောက်ခံနေတယ်လို့ သိရပါတယ်။

 

“ဈေးတက်ရကြောင်း သေချာရှင်းပြပါတယ်၊ ခက်တာက အကုန် ဈေးတက်နေချိန်မှာ ဘုရားတောင် ဖူးဖို့ မလွယ်တော့ဘူး၊ ရင်ပြင်တော်နဲ့ ကင်မွန်းစခန်း အသွားအပြန်ဆိုရင်ပဲ ကျပ် ၂၀၀,၀၀၀ ဖြစ်နေပြီလေ၊ ဘာတွေ ဆက်ဖြစ်လာမယ် မသိသေးဘူး” လို့ ဘုရားဖူးသွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

 

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာလည်း စက်သုံးဆီ ပြတ်လပ်လာနေပြီး ဆီဆိုင်အများစု ပိတ်ထားကာ စစ်ကော်မရှင်ကလည်း မော်တော်ယာဉ်တွေ စုံ၊ မ ခွဲကာ မောင်းနှင်စေတဲ့ စနစ်ကို လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်