တနင်္သာရီတိုင်းမှာ မိုးရွာနိုင် “ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 23, 2025

“ညအပူချိန်များ”

 

ရခိုင်ပြည်မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ် တနင်္သာရီတိုင်းနဲ့ မွန်ပြည်တို့မှာ ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်တို့မှာ ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၆ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးနဲ့ မြစ်ကြီးနားမြို့တို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်နဲ့ စစ်တွေမြို့တို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ မကွေးနဲ့ ဟုမ္မလင်းမြို့တို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့ ညနေပိုင်းကနေ မနက်ဖြန် မနက်အစောပိုင်းထိ နေပြည်တော်မှာ ၁၆ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၈ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပဲခူးနဲ့ မုံရွာမြို့တို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်၊ ဘားအံနဲ့ မော်လမြိုင်မြို့တို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

 

တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကရင်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်ထူထပ်နေပါတယ်။

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ