ကလေးမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျောင်းသားသုံးဦး ဒဏ်ရာရ

Author မင်းထက်
Categories
Published on Jun 22, 2024

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်းပိုင်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ပြီး လူငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့  ကလေးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတဦးက CJ Platform ကို ပြောပါတယ်။

ကလေးမြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား  စစ်ရေးတင်းမာလျက်ရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ နဲ့ ဒေသခံပြည်သူတွေ ရှိရာနေရာတွေကို ဒရုန်းနဲ့ဗုံးသီးချတာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။

“စစ်ရေးအခြေနေကတော့ တိုက်ပွဲတော့ ရှိပါတယ်။ အချိန်ကျရင် စစ်ဘက်က ထုတ်ပြန်ပါလိမ့်မယ်ဗျ။ လက်နက်ကြီးတွေတော့ ထုခံနေရတယ်။ကျောင်းသား သုံးယောက် ဒရုန်းနှင့် ဗုံးသီးချခံရတာ ရှိပါတယ်။ စကစက လိုက်ချတာလို့ သိရပါတယ်” လို့ ကလေးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က စစ်ကောင်စီရဲ့တပ်က အများပြည်သူနေထိုင်ရာနေရာကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် ကလေးမြို့နယ် တောင်ပိုင်းက  ၁၅ နှစ်ခန့် အရွယ် နှစ်ဦးနဲ့ ၁၃ နှစ်အရွယ်ခန့် ကလေး သုံးဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကလေး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့