ရွှေစက်တော်ဘုရားအနီးက လက်ပတောရဲစခန်းကို PDF တွေ ဝင်တိုက်

Author CJ Platform
Categories
Published on Feb 02, 2025

မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအနီး လက်ပတောရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဖေဖေါ်ဝါရီ ၁ရက်နေ့ မနက် ၄နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

 

ဒရုန်းနဲ့ ဗုံးသီး အလုံး၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းမှာရှိတဲ့ ဘန်ကာ၊ ကတုတ်ကျင်းနဲ့ အဆောက်အဦတွေပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

 

လက်ပတောရဲစခန်းဟာ အနီးနားကျေးရွာတွေက လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးခြိမ်းခြောက်တာ ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်း၊ မင်းဘူးမြို့နယ်(ပကဖ)၊ စေတုတ္တရာမြို့နယ်(ပကဖ)၊ ပေါက်မြိုင်(ပကဖ) ၊ Earthquarh Defence Force, Young Force နဲ့ Joker ပျောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီစခန်းတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

 

ဓာတ်ပုံ – မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း

 

ပုံစာ – အမှတ်(၆)တပ်ရင်း တပ်ဖွဲ့ဝင်များကို မြင်ရပုံ (ပုံဟောင်း)