ယင်းမာပင်က ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ စုပေါင်းရုံးကို PDFတွေ ဝင်တိုက်

Author မင်းထက်
Categories
Published on May 21, 2024

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရဲစခန်းနဲ့ စုပေါင်းရုံးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့  Chin Dwin Dyna Mite တပ်ဖွဲ့ဆီက သိရပါတယ်။

 

ဒီကနေ့ မေလ ၂၁ရက်နေ့ မနက် ၅နာရီ ၄၀ခန့်မှာ စစ်ကောင်စီတပ်သား အင်အား ၁၂၀လောက်နဲ့ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို မဟာမိတ်ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။

 

“အသေအပျောက်တော့ မသိရသေးပါဘူးဗျ။ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးတွေက အဲကောင်တွေနေရာ တည့်တည့်ကြတာဆိုတော့ အထိခိုက်ကတော့များမှာ သေချာပါတယ်ဗျ” လို့ ChinDwin DynaMite တပ်ဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီ လုပ်ဆောင်မှုကို ChinDwin DynaMite(Salingyi) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၃ ၊ တောင်ပံနီ (အထူး‌ပြောက်ကျား)တပ်ဖွဲ့၊ Brother Defence Force ၊ Royal Brother ၊ မျက်လုံးစစ် ကြောင်း”ကျားသစ်နက် တပ်မတော်၊ ဒေါင်းမင်းတပ်ခွဲ ၂ ၊ Brave Eagle ravolaution Force နဲ့ Chindwin Toe Na Yar အဖွဲ့တို့ပူးပါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ဒါ့အပြင် မနေ့က မေလ ၂၀ ရက် မနက် ၄နာရီခွဲခန့်မှာ မဟာမိတ်ပူးပေါင်းတပ်တွေက ယင်းမာပင်မြို့ ရဲစခန်းနဲ့ စုပေါင်းရုံးကို အင်အား ၅၀လောက်နဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ၀င်ရောက်ခဲ့ပြီးနောက် မနက် ၅ နာရီလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် -Blcak Leopard Army ဆီက သိရပါတယ်။

 

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီး မနက် ၇နာရီလောက်မှာ ပြန်လည်ဆုတ်ခွာလာခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ထိခိုက်၊ကျဆုံးမှုခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

အဲဒီတိုက်ပွဲကိုတော့ ယင်းမာပင်ခရိုင် တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် -Blcak Leopard Army ၊ ချင်းတွင်း ဒိုင်းနမိုက် ၊ တောင်ပံနီ၊ Brother Defense Force ၊ Royal Brother မျက်လုံး စစ် ကြောင်း၊ ဒေါင်းမင်း တပ်ခွဲ ၂ ၊ Brave Eagle Revolution Force နဲ့ Chindwin Toe Na Yar တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ရုပ်သံ – ChinDwin DynaMite