သူခိုးက အိမ်ရှင်လင်မယားကို ဓားနဲ့ထိုးသွားလို့ အိမ်ရှင်အမျိုးသားသေဆုံး

Author CJ Platform
Categories
Published on Jun 21, 2025

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း သုခဒဂုံအိမ်ယာမှာ ဒီကနေ့ ဇွန်လ ၂၁ရက်နေ့ မနက်ပိုင်းမှာ သူခိုးက အိမ်ရှင်ဖြစ်သူ လင်မယားကို ဓားနဲ့ထိုးပြီးတော့ ထွက်ပြေးသွားတာကြောင့် အိမ်ရှင်အမျိုးသားသေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

 

သုခဒဂုံအိမ်ယာ E-1 ကို သူခိုးလို့ စွပ်စွဲခံရသူက ဝင်ရောက်ပြီး ပစ္စည်းခိုးယူနေချိန်မှာ အိမ်ရှင်ဖြစ်သူက တွေ့ရှိသွားပြီး ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ သူခိုးလို့စွပ်စွဲခံရသူက အသင့်ပါလာတဲ့ ဓားနဲ့ အိမ်ရှင်အမျိုးသားနဲ့ အမျိုးသမီးကို ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အိမ်ရှင်အမျိုးသားဟာ ဓားနဲ့ (၁၉)ချက်အထိ အထိုးခံရပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

 

“ဓားထိုးခံရလူနာရှိတယ်အမြန်လာဆိုလို့ပြေးတာ ရောက်တော့သွေးထွက်လွန်

လူနာ မ နဲ့ already exit  ကျား ၁ ကိုယ်တိုင်နာကျင်နေပါလျက်နဲ့ ကျမယောကျ်ားကိုကူပေးပါဆိုတဲ့ အမကို အမယောကျ်ားဆုံးသွားပြီလို့မပြောထွက်ပဲ အမရှင်သန်ဖို့အရကူ သွေးထိမ်းပြီးဆေးရုံပို့ရတယ်”လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်းက ရေးသားထားပါတယ်။

 

ဓားနဲ့ထိုးသွားသူကို ဖမ်းဆီးရမိတာ မရှိသေးဘဲ အိမ်ရှင်အမျိုးသမီးကိုတော့ စံပြဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း