ရှမ်းတောင်နဲ့ ကရင်နီတပ်ဖွဲ့တွေ ပူးပေါင်းပြီး SSNDF/KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းကာ စစ်သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်တော်ပိုင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းကာ SSNDF/KNDF ဗျူဟာအမှတ် (၉)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ KNDG ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းကာ SSNDF / KNDF B – 101, SSNDF / KNDF B – 102, SSNDF / KNDF B – 103 တို့ပါဝင်တဲ့ SSNDF/KNDF ဗျူဟာအမှတ် (၉)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် SSNDF / KNDF ဗျူဟာအမှတ်(၉) ၏ စစ်သင်တန်းကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး စစ်သင်တန်းဆင်းပွဲကို KNDF စစ်ရေးချုပ်အပါအဝင် ဗဟိုကော်မတီ နဲ့ တာဝန်ရှိသူတွေ SSNDF / KNDF ဗျူဟာအမှတ် (၉) ရဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ရှမ်းတောင်က တပ်ရင်းတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေဖွဲ့စည်းထားတဲ့ SSNDF / KNDF ဗျူဟာအမှတ် (၉) အနေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ပါ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – KNDF