စဉ့်ကူးမြို့ကို သိမ်းလိုက်ပြီ  

Author လဂွမ်းအိမ်
Categories
Published on Jul 20, 2024

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးတိုင်းထဲမှာ ပထမဆုံး စစ်ကောင်စီကင်းစင်တဲ့ မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ကြေညာလာပါတယ်။

 

စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြားကနေ ဇူလိုင် (၁၇) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်သုံပန်း အများအပြားဖမ်းဆီးရမိတယ်လို့ ဆိုထားပြီး ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေအရ စစ်သုံ့ပန်း ၇၀ ကျော်ထိ တွေ့ရပြီး လက်နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရမိထားတာကို တွေ့ရပါတယ်။

 

စဉ့်ကူးမြို့သိမ်း စစ်ဆင်ရေးအတွင်း  MDY PDF အနေနဲ့ ပေးဆပ်မှုတွေရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့ရတဲ့ ရဲဘော်တွေအတွက် ဦးညွှတ်အလေးပြု မှတ်တမ်းတင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ရက်ပေါင်း ၂၀ခန့်အကြာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရပြီးနောက်မှာ အခုလို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။

 

ဓာတ်ပုံ – MDY-PDF