မန္တလေးကျုံးထဲ စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားတစ်ဦးပြုတ်ကျ သေဆုံး

Author အညာသား
Categories
Published on May 20, 2024

မန္တလေး အောင်မြေသာစံမြို့နယ် ၁၂လမ်း၊ ၇၃လမ်းနဲ့ ၇၄လမ်းကြား ကျုံးမြောက်ဘက်တံတားအနီး ကျုံးရေပြင်အတွင်းမှာ  ဒီနေ့ မေ ၂၀ရက် မနက်ပိုင်းက စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားတစ်ဦး ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မနက် ၈နာရီ ၄၅မိနစ်ခန့်မှာ ကျုံးအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ် ပေါ်ခဲ့တဲ့အတွက် အောင်မြေသာစံ မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

မနက် ၉ နာရီ ၁၄ မိနစ်အချိန်မှာ ရေနစ်သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စေတနာ၊ မေတ္တာ၊ ကရုဏာလူမှုကူညီရေးအသင်းက ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ပြုတ်ကျသေဆုံးသူနဲ့ပတ်သက်လို့ ဘယ်မှာနေထိုင်ပြီး ဘယ်သူဖြစ်တယ်ဆိုတာ CJ Platformနဲ့ သီးခြားအတည်ပြုနိုင်မှု မရှိသေးပါ။

 

မန္တလေး ကျုံးဘေးပတ်လည်မှာ အကာရံများ စနစ်တကျပြုလုပ်ဆောင်ရွက်ထားပေမယ့် အခုလို ကျုံးရေပြင်အတွင်းပြုကျသေဆုံးမှုဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်တတ်လေ့ရှိပါတယ်။

 

ဓာတ်ပုံ- MFSD

 

Related News

Depend on news