2023 ခုနှစ် Balloon d’Or ဆုပေးပွဲ ဘယ်သူဘာတွေရသွားကြသလဲ

Author အဂ္ဂ
Categories
Published on Oct 31, 2023

ငြင်းခုန်ဆွေးနွေးမှုများစွာနဲ့ စောင့်မျှော်နေကြတဲ့ ၂၀၂၃ ခုနှစ်ရဲ့ Ball d’Or ဆုပေးပွဲဟာ ပြီးဆုံးခဲ့ပါပြီ။

ဆုရဖို့ကြိုပြီး တစ်ပြေးနေတဲ့ အာဂျင်တီးနားနဲ့ အာတာမီယာမီ ကစားသမား လီယွန်နယ် မက်ဆီ ကပဲ ရှစ်ကြိမ်မြောက်အဖြစ် အမျိုးသား Balloon d’Or ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

 

အမျိုးသမီး Balloon d’Or ဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာ အမျိုးသမီးအသင်း ကစားသမားဖြစ်တဲ့ အိုက်တာနာ ဘွန်မာတီ (Aitana Bonmatí) ကဆွတ်ခူးရနိုင်ခဲ့ပါတယ်။

 

အကောင်းဆုံးတိုက်စစ်ကစားသမားဆုဖြစ်တဲ့ Gerd Müller Trophy ကိုတော့ နော်ဝေးနဲ့ မန်ချက်စတmစီးတီး တိုက်စစ်မှူးဖြစ်တဲ့ အာလင်းဟာလန်း (Erling Haaland)  က ရယူသွားနိုင်ခဲ့ပါတယ်။

 

အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ် (Emiliano Martínez) ကတော့ အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ Yashin Trophy ကို ဆွတ်ခူးသွားပါတယ်။

 

အသက် (၂၁) နှစ်အောက် အကောင်းဆုံး ကစားသမားတွေကို ပေးတဲ့ Kopa Trophy ကိုတော့ England နဲ့ ဒေါ့မွန် (ကစားခဲ့) နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဖြစ်သူ ဂျုဘယ်လင်ဂမ် (Jude Bellingham) ကရရှိခဲ့ပါတယ်။

 

လူသားချင်းစာနာထောက်ထားမှုအလုပ်တွေကို အသိအမှတ်ပြုပေးအပ်တဲ့ Socrates Award ကိုတော့ ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဗင်နီးစီးယပ် ဂျူနီယာ  (Vinícius Jr.) က ရယူသွားခဲ့ပါတယ်။

 

(အမျိုးသား) တစ်နှစ်တာအကောင်းဆုံးဘောလုံးအသင်းဆုကို မန်ချက်စတာစီးတီး (Manchester City) အသင်းက နှစ်နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့ပြီး (အမျိုးသမီး) တစ်နှစ်တာ အကောင်းဆုံး ဘောလုံးအသင်းဆုကိုတော့ ဘာစီလိုနာ အမျိုးသမီးအသင်း(Barcelona Femení) က ရရှိသွားခဲ့ပါတယ်။

Photo- Fabrizio Romano/ လူမှုကွန်ရက်