“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

Published on Oct 19, 2024

“တက်ဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ”

 

ဒီတစ်ပတ် စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကတည်းက တက်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ငြိမ်နေတာတွေ့ရပါတယ်။

 

အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို နာရီနဲ့ချီ ကြာအောင် တန်းစီဝယ်ယူရတာမျိုးမရှိပေမဲ့ ဆိုင်ကြီးတချို့မှာပဲ စက်သုံးဆီအမျိုးအစားအားလုံး ရပြီး ဆိုင်ငယ်အများစုမှာတော့ စက်သုံးဆီ မရတစ်ချက်၊ ရတစ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

 

ဒါကြောင့် တချို့ဆိုင်တွေ အချိန်ပိုင်းပဲ ဖွင့်လှစ်နေရသလို တချို့လည်း ပိတ်ထားရတာမျိုးတွေရှိနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေကြောင့် အရင်ပတ်တွေတုန်းကလို စက်သုံးဆီတင်သွင်းရာမှာအဓိကသုံးစွဲတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ပဲ ဈေးကွက်ထဲ ရောင်းပေးခဲ့ပြီး တရုတ်ယွမ်တော့ လုံးဝမရောင်းပေးခဲ့ပါဘူး။

 

ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေက ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၃၀၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၉၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၄၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price