ရန်ကုန်မြောက်ပိုင်းမှာ အပူချိန်ဆက်လက်ကျဆင်းနိုင် “ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 20, 2025

“အပူချိန်”

 

ရန်ကုန်တိုင်း မြောက်ပိုင်းမြို့နယ်တွေမှာ အပူချိန် ဆက်လက်ကျဆင်းလာမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၁ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့နဲ့ လားရှိုးမြို့ မှာ ၇ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့နဲ့ လွိုင်ကော်မြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့၊ မုံရွာမြို့၊ မကွေးမြို့၊ ဟုမ္မလင်းမြို့တို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၅ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၇ ကနေ ၃၅ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၆ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ထားဝယ်မြို့နဲ့ ဘားအံမြို့တို့မှာ ၁၆ ဒီဂရီစင်တီဂရိတ် ပုသိမ်မြို့နဲ့ မော်လမြိုင်တို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

 

တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

ချင်းပြည်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ

 

Related News

Depend on news