အာဏာသိမ်းပြီးမှ ရာထူးတိုးလာတဲ့ အောင်လင်းဒွေးညီမကို သက်ပြည့်ပင်စင်မပေးဘဲ ရာထူးဆက်ထား

Author CJ Platform
Categories
Published on Jun 02, 2025

စစ်အာဏာသိမ်းပြီးနောက်မှာ ဆေးရုံအုပ်ကြီးအဖြစ်ကနေ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးခဲ့သူ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ညီမအရင်းဖြစ်သူ ဒေါက်တာ စုစုဒွေးကို ကျန်းမာရေးဝန်ကြီးဌာနက သက်ပြည့် ပင်စင်မပေးဘဲ လက်ရှိရာထူးမှာ နောက်ထပ် တစ်နှစ် တာဝန်ထမ်းဆောင်ဖို့ ခန့်ထားတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ အတွင်းရေးမှူးအဖြစ် ရာထူးရယူထားတဲ့ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ညီမဖြစ်သူ ဒေါက်တာစုစုဒွေးဟာ အသက်(၆၀)ပြည့် ပင်စင်ကို ရယူရတော့မှာဖြစ်ပေမဲ့ အသက် (၆၂)နှစ်ပြည့်တဲ့ ၂၀၂၆ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ထိ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆက်လက်တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၂၅) မှာ ဖော်ပြထားပါတယ်။

 

ဒေါက်တာစုစုဒွေးဟာ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် အာဏာသိမ်းပြီးနောက်မှာ ရာထူးတိုးခဲ့သူပဲဖြစ်ပါတယ်။ သူဟာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပြီးမှာ ကျန်းမာရေးဝန်ကြီးရာထူးကို ရယူမယ့်သူလို့လည်း အမည်ထွက်ပေါ်နေသူပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-SAC

Related News

Depend on news