အမ်းမြို့နယ်မှာ စစ်ရှောင်တွေ အဝတ်အထည် အရေးပေါ်လို

Author ညိမ်
Categories
Published on Dec 02, 2024

ရခိုင်ပြည်၊ အမ်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွားတွေအပြင် ဒီဇင်ဘာ ဆောင်းရာသီ ဝင်ရောက်လာပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေဟာ ပုဆိုးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ Mrauk-U Youth Association-MUYA က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အဲဒီအဖွ့အနေနဲ့ အိမ်ထောင်စုတစ်စုကို ပုဆိုးတစ်ထည် လှူဒါန်း ဖို့ရည်ရွယ်ထားပေမဲ့ ပုဆိုးအထည် ၃၀၀ သာ ရရှိထားတဲ့အတွက် ဆက်လက်လှူဒါန်းကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

 

အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ တောဟိန်းတောင်ဗျူဟာကို ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အမ်းမြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြို့သိမ်းတိုက်ပွဲ ရှစ်လကျော်အတွင်း တောဟိန်းတောင်ဗျူဟာအပါအဝင် စစ်ကောင်စီရဲ့တပ်စခန်း ၁၁ ခုကို AA က သိမ်းပိုက်ရရှိထားပြီလို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Mrauk-U Youth Association-MUYA

 

ပုံစာ – မြောက်ဦးလူငယ်အစည်းအရုံးက လူငယ်တွေ အဝတ်အထည်များလှူနေပုံ