စစ်ကောင်စီဗုံးဒဏ်ကြောင့် နိုဝင်ဘာလအတွင်း TNLA ထိန်းချုပ်နယ်မြေထဲ ဒေသခံ ၃၈ ဦးသေဆုံးပြီး အယောက် ၇၀ ဒဏ်ရာရ

Author အကြင်နာ
Categories
Published on Dec 02, 2024

ရှမ်းပြည်မြောက်ပိုင်း တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတခွင်မှာ စစ်ကောင်စီတပ်ရဲ့ နိုဝင်ဘာလအတွင်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၇၀ ဦး ဒဏ်ရာရရှိကာ နေအိမ်အလုံး ၁၃၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

 

အဲဒီထဲထိခိုက်သေဆုံးမှုအများဆုံးအနေနဲ့ စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့ကပ်လျက်က နောင်ချိုမြို့မှာ ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်း နှစ်ပါးအပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ် ၅၇ လုံးနဲ့ ကားရှစ်စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မှာ သုံးဦးသေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရသလို မိုင်းငေါ့မြို့မှာလည်း ဒေသခံ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးတဲ့အပြင် ဒီနှစ်မြို့က နေအိမ်အလုံး ၄၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

 

နောက်ဆုံး ဗုံးကြဲခံရမှုအနေနဲ့ နိုဝင်ဘာလ ၃၀ ရက်မှာ ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်က ဒေသခံ ၁၀ ဦးသေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တအာင်းတပ် TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ သီပေါမြို့တို့အပါအဝင် မြို့ ၁၂ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 

Related News

Depend on news