တိုက်ပွဲတွေရှိနေတဲ့ မန္တလေးမှာ အာဇာနည်နေ့အထိမ်းမှတ် လှုပ်ရှားမှုပြုလုပ်

Author အညာသား
Categories
Published on Jul 19, 2024

ပုသိမ်ကြီးနယ်စပ်ထိရောက်လာတဲ့တိုက်ပွဲတွေကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမြို့အတွင်း ဒီကနေ့ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းက ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

ကျုံးဘေးနဲ့ နေရာတချို့မှာ “အဆုံးသတ်တိုက်ပွဲကိုအာဇာနည်သွေးနဲ့ရေးထိုးကြ” ဆိုတဲ့စာသားရေးထားတဲ့ တီရှပ်အင်္ကျီများ ဝတ်ဆင်ခြင်း၊ ဗီနိုင်းချိတ်ဆွဲခြင်းတို့နဲ့ လူငယ်တွေ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချူပ်အောင်ဆန်းနဲ့တကွ ကျဆုံးခဲ့တဲ့ အာဇာနည် ကိုးဦးနဲ့အတူ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်အပေါင်းကို လေးစားဦးညွှတ်ပါတယ်လို့ မန္တလေးသပိတ်အင်အားစုက ရေးသားထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – မန္တလေးသပိတ်အင်အားစု