အာဇာနည်နေ့အထိမ်းအမှတ် ဖားကန့်မှော်လှည့်သပိတ် ဆန္ဒပြ

Author အညာသား
Categories
Published on Jul 19, 2024

ကချင်ပြည်၊ ဖားကန့်မြို့မှာ ဒီကနေ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။

 

ဖားကန့်မြို့ လူစည်ကားရာစျေးတစ်ခုအတွင်း မနက် ၈ နာရီခွဲမှ ၉ နာရီ ၁၅ မိနစ်အထိ လူအင်အား ၁၅၀ ခန့်နဲ့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီနေ့ လှုပ်ရှားမှုမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ကျဆုံးသွားတဲ့ ရဟန်းရှင်လူကျောင်းသား ပြည်သူတွေကို အလေးပြုခဲ့ကြတယ်” လို့ မှော်လှည့်သပိတ်ဦးဆောင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆန္ဒထုတ်ဖော်ရာမှာ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ”၊ “လူထုအားဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရမည်” စတဲ့ကြွေးကြော်သံပါ ဘန်နာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုပြုခဲ့ကြတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ပွဲမှာလည်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖားကန့်မှော်လှည့်သပိတ်နဲ့အတူ ပြည်သူတွေက ပူးပေါင်းပြုလုပ်ခဲ့ကြပါသေးတယ်။

 

ရုပ်သံ – မှော်လှည့်သပိတ်