၀က်လက်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်

Author မင်းထက်
Categories
Published on Jun 19, 2024

စစ်ကိုင်းတိုင်း ၊ ၀က်လက်မြို့နယ်မှာ ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၇၉)နှစ်ပြည့်မွေးနေ့ လူထုလှုပ်ရှားမှုအနေနဲ့ ဆန္ဒပြဟောပြောမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလုပ်ဆောင်မှုကို ၀က်လက်မြို့နယ်တစ်နေရာမှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အဲဒီမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြည်သူလူထုနဲ့အတူ ‘ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ’ စာသားပါ ဘန်နာကိုကိုင်ဆောင်ပြီး သပိတ်မှောက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

“သပိတ်မှောက်ဆန္ဒပြတာအပြင် ကျွန်တော်တို့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကဗျာရွတ်တာတွေ၊ အဓိကတော့ တော်လှန်ရေးမှာသွေးအေးမသွားကြဖို့နဲ့ ဆက်လက်ပါ၀င်ပေးကြဖို့ ဟောပြောပွဲလုပ်ခဲ့တယ်” လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ