ဖားကန့် မှော်ဈေးထဲ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ပြုလုပ်
ကချင်ပြည်၊ ဖားကန့် မှော်ထဲဈေးအတွင်း ဒီနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ပွဲကို ဖားကန့်မှော်လှည့်သပိတ်နဲ့အတူ ပြည်သူတွေက ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။
ဇွန်လ ၁၉ ရက် မနက် ၈ နာရီကနေ ၉ နာရီအထိ လူအင်အား ၁၀ဝ ခန့်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာအသက်ရှည်စေဖို့ ဆုတောင်းတာ၊ မွေးနေ့ကိတ်ခွဲတာတွေအပြင် အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒထုတ်ဖော်မှုတွေပါ လုပ်ဆောင်ခဲ့ကြပါတယ်။
“စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားထဲက လုံခြုံရေးအရ ဂရုစိုက်ပြီး လုပ်ဆောင်ခဲ့ရတာပါ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျွန်တော်တို့ မှော်လှည့်သပိတ်အနေနဲ့ ရတဲ့နည်းနဲ့ အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုတွေ အခွင့်ရသလိုလုပ်သွားမှာပါ” လို့ သပိတ်ဦးဆောင်သူက CJ Platform ကို ပြောပါတယ်။
အဲဒီသပိတ်ထဲ ‘အမေစုလည်း ကျန်းမာပါစေ ပြည်သူ့မေတ္တာ အင်နဲ့ အားနဲ့’ ၊ ‘အမေစုက ဘာပြောခဲ့လဲ။ ကောက်ရိုးမီးလို မဖြစ်စေနဲ့’ ၊ ‘တို့ဗိုလ်ချုပ်က ဘာပြောခဲ့လဲ။ ရရင်ရ မရင်ချ’ စတဲ့ကြွေးကြော်သံတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ လုပ်ဆောင်မှုကို မှော်လှည့်သပိတ်နဲ့ ဆိပ်မူသပိတ်အဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေ့နေ့တိုင်းကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုပ်သံ – မှော်လှည့်သပိတ်