စစ်ကောင်စီရဲ့ လက်ကျန်မြေမြှုပ်မိုင်းနင်းမိလို့ သီပေါကအမျိုးသားတစ်ဦး ခြေတစ်ဖက်ပြတ်

Author CJ Platform
Categories
Published on Apr 19, 2025

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာက အမျိုးသားတစ်ဦးဟာ ဧပြီလ ၁၆ ရက်နေ့ ညနေက စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေတစ်ဖက်ပြတ်သွားတဲ့အပြင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်စခန်းကနေ ယခင်ကထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းဖြစ်ပြီး အဲဒီစခန်းမှာ ငှက်သွားပစ်ရာက လက်ကျန်မိုင်းနင်းမိပြီး မိုင်းပေါက်ကွဲမှုကြောင့် ညာဘက်ခြေတစ်ဖက် လုံးဝပြတ်ထွက်သွားခဲ့ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သီပေါမြို့နယ်ရှိ လူမှုကူညီရေးအသင်းက မိုင်းထိလူနာကို ဆေးကုသဖို့ပို့ဆောင်ပေးခဲ့သလို TNLA လက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း TNLA သတင်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း သီပေါမြို့နယ်က အမျိုးသားတစ်ဦး တောင်ယာသွားရောက် လုပ်ကိုင်ရာက စစ်ကောင်စီရဲ့ လက်ကျန်မြေမြှုပ်မိုင်းနင်းမိရာက မိုင်းပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – TNL

 

Related News

Depend on news