စိုင်းဆိုင်မောဝ် ရုပ်အလောင်း ရေဝေးသို့ ရွှေ့

Author ကိုထားဝယ်
Categories
Published on Jul 18, 2024

ယမန်နေ့ညပိုင်းက ကွယ်လွန်ခဲ့တဲ့ နိုင်ငံကျော် တေးရေး/တေးဆို စိုင်းဆိုင်မောဝ်ရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်သို့ ပို့ဆောင်ပေးလိုက်တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က ယနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ‘ကောင်း’ အထူးကုဆေးရုံကြီးမှတစ်ဆင့် ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

တေးအယ်လ်ဘမ် ၁၀ ခု၊ တေးသီချင်းပေါင်း တစ်ရာကျော်သီဆိုခဲ့တဲ့ စိုင်းဆိုင်မောဝ်ဟာ ကွယ်လွန်ချိန်မှာ ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။

 

စစ်တပ်က အာဏာမသိမ်းမီ ပြီးခဲ့တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တို့မှာ သူသေဆုံးပြီလို့ ကောလာဟလတွေ ထွက်ခဲ့တဲ့အတွက် မိသားစုက အကြိမ်ကြိမ်ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။

 

 

ဓာတ်ပုံ – နာရေးကူညီမှုအသင်း(ရန်ကုန်)