Published on Oct 31, 2024

ဒီကနေ့ အောက်တိုဘာ ၃၁ ရက်၊ ကြာသာပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်

CJ Platform

ဖိလစ်ပိုင်အရှေ့ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အင်အားကြီးမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ အချိန်အနည်းငယ်လောက် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောကြားလိုက်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း ကောင်ရေး(KONG-REY)ရဲ့ အပြင်ဘက်တိမ်တိုက်တွေနဲ့ လေစီးကြောင်းတွေက ထိုင်ဝမ်ကျွန်းကို စတင်ထိတွေ့နေပြီလို့ သူက ပြောပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ မွန်းလွဲ၊ ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ တစစီ ပြန့်ကျဲလွင့်မျောလာတဲ့ အရှေ့မြောက်ဘက်က တိမ်အစုလေးတွေ ခပ်ကျဲကျဲဝင်လာနေတယ်လို့ ဆိုပါတယ်။ အဲဒီတိမ်တိုက်အစုတွေ ဖြစ်ပေါ်ဖြတ်သန်းတဲ့နေရာမှာ အချိန်အနည်းငယ်လောက် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ယမန်နေ့ညနေပိုင်းမှာ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။