ရေဦးမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ ဆန်စက်လုပ်သား သားအဖနှစ်ဦးထိမှန်၊ ဖခင်သေဆုံး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံအခြေစိုက်စစ်တပ်က ယမန်နေ့ ဇွန်လ ၁၇ ရက်၊ ည ၉ နာရီဝန်းကျင်က ၁၂၀ (မမ) လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့တယ်လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ထံမှ သိရပါတယ်။
အဲဒီလက်နက်ကြီးတွေဟာ မြို့မြောက်ဘက်ခြမ်းက ဖိန်းကားရွာအနီးရှိ ဆန်စက်အတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ ထမင်းစားနေတဲ့ ဆန်စက်လုပ်သား သားအဖနှစ်ဦးကို ထိမှန်ပြီး ဖခင် ဦးဝင်းဇော်မိုး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သမီးဖြစ်သူကတော့ အခုလက်ရှိ ဆေးကုသမှုခံယူနေတယ်။ သူတို့ဇာတိက ရေဦးနယ်အနောက်ခြမ်း ကုန်းတန်းရွာကပါပဲ။ ဆန်စက်အလုပ်သမားလည်းဖြစ်ပြီး စပါးသိမ်းဖို့သွားတဲ့အချိန်မှာပဲ အခုလိုကံဆိုးသွားရတာ” လို့ အဲဒီတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။
လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ ဦးဝင်းဇော်မိုးကိုတော့ ဒီနေ့ နေ့ခင်း ၁၂ နာရီခန့်မှာပဲ သူ့ရဲ့ဇာတိဖြစ်တဲ့ ရေဦးနယ်အနောက်ခြမ်း ကုန်းတန်းရွာသုဿန်မှာ မြေမြုပ်သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – People’s Defense Comrade