တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ နှစ်သိန်းကျော်ရှိ ၊ မေးခွန်းပုံစံ မတိကျမှုကြောင့် လှောင်ပြောင်ခံနေရ

Author CJ Platform
Categories
Published on Mar 18, 2025

စစ်ကောင်စီက ဦးဆောင် ကျင်းပနေတဲ့ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသူ၊ကျောင်းသားပေါင်း ၂၀၈၈၈၉ ဦးထိရှိကြောင်း စစ်ကောင်စီရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

 

နိုင်ငံခြားစာစစ်ဌာန ၁၃ခု၊ ပြည်တွင်း စာစစ်ဌာန ၈၀၄ခု ဖွင့်လှစ်ထားပြီး စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၂၂၀၈၄၃ ဦးအနက် ၂၀၈၈၈၉ ဦး ဝင်ရောက် ဖြေဆိုခဲ့တာလို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ ပညာရေးဌာနက ထုတ်လုပ်တဲ့ မြန်မာစာဘာသာ မေးခွန်းဟာ ယေဘူယျဆန်ပြီး တိကျမှု မရှိတဲ့ မေးခွန်းတွေဖြစ်တာကြောင့် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

 

“ကွက်လပ်ဖြည့်ပါဆိုရင် လိုင်းပေါ်မှာ လူပြောများနေတဲ့ အရာပေါ့ မေးခွန်းတွေက ယေဘူယျအရမ်းဆန်တယ်၊ တိကျမှု မရှိဘူး၊ မေးခွန်းက မတိကျတဲ့နောက် အဖြေက ဘယ်တိကျနိုင်မလဲ ဒါကျက် ဒါဖြေစနစ်ကို ပြန်သွားနေတယ်”လို့ CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

 

တက္ကသိုလ်ဝင်တန်း စာမေးပွဲရက်များတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးမည်ဟု စစ်ကောင်စီက ပြောကြားထားပေမဲ့ နေရာဒေသအများစုမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာမေးခွန်း