နမ့်ဖက်ကာမှာ လက်နက်ကြီးကျည်ထဲက ယမ်းမှုန့်ထုတ်ဖို့ကြိုးပမ်းချိန် ပေါက်ကွဲလို့ ဒေသခံနှစ်ဦးသေဆုံး

Author လဂွန်းအိမ်
Categories
Published on Oct 18, 2024

ရှမ်းပြည်(မြောက်ပိုင်း) နမ့်ဖက်ကာမြို့နယ်ရှိ ပန်းခါးကျေးရွာက ဒေသခံအမျိုးသားနှစ်ယောက်ဟာ မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးထဲက ယမ်းမှုန့်ထုတ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ အဲဒီလိုဖြုတ်ယူရာကနေ ပေါက်ကွဲပြီး ပန်ခါးကျေးရွာနေ ၂၇ နှစ်ရှိ ခွန်ဂျာချောင်နဲ့ အသက် ၆၀ နှစ်ရှိ ဦးညီထွမ်းတို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

နမ့်ဖတ်ကာမှာ ဒီနှစ်မတ်လ ၂၁ ရက်နဲ့ မေလ ၁၃ ရက်နေ့တွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးနဲ့ မိုင်းတွေကို ယူဆော့မိရာကနေ နှစ်ယောက်သေဆုံးပြီး လေးယောက်ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA ဆီကနေ သိရပါတယ်။

 

 

ဓာတ်ပုံ – PSLF/TNLA

 

 

Related News

Depend on news