နေပြည်တော်၊ ရန်ကုန်အပါအဝင် အလယ်ပိုင်းဒေသမှာ အပူချိန်ထပ်ကျနိုင် “ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ညအပူချိန်များ”
ပဲခူးတိုင်းမှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂဂရိတ် ပိုခဲ့ကာ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြိုမှာ ၁ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့၊ လားရှိုးမြို့နဲ့ မြစ်ကြီးနားမြို့တို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့၊ ပဲခူးမြို့နဲ့ လွိုင်ကော်မြို့တို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်နဲ့ မကွေးမြို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့ ညနေ ၆ နာရီကနေ မနက်ဖြန် မနက် ၆ နာရီအထိခန့်မှန်းချက်အရ နေပြည်တော်မှာ ၁၃ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၄ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၆ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
မုံရွာမြို့နဲ့ ဘားအံမြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်မြို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်အထိ ညအပူချိန်တွေ ကျဆင်းခဲ့ပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ(ကယား)ပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ