ယင်းမာပင်နဲ့ ဆားလင်းကြီးက စစ်ဘေး/ရေဘေးသင့်သူ ၂၀၀၀ ကျော်အတွက် ဆန်အိတ်လှူဒါန်း

Author မင်းထက်
Categories
Published on Jul 16, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့ရှိ စစ်ဘေး/ရေဘေးသင့် ပြည်သူ ၂၀၀၀ ကျော်အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆန်အိတ်များလှူဒါန်းပေးခဲ့ပါတယ်။

 

ယနေ့ ဇူလိုင်လ ၁၆ ရက်မှာ ယင်းမာပင်မြို့နယ်ရှိ စစ်ရှောင်စခန်း လေးနေရာအတွက် ဆန်အိတ် ၂၀ ၊ ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်းအတွက် ဆန်အိတ် ၂၀ နဲ့ ရေဘေးသင့်ပြည်သူများအတွက် ဆန် ခုနစ်အိတ်တို့ကို လှူဒါန်းခဲ့ကြောင်း အဲဒီအဖွဲ့ထံမှ သိရပါတယ်။

“စစ်ရှောင်တွေအနေနဲ့က ယင်းမာပင်မှာက ၁၀၀၀ (ဦး)လောက်နဲ့ ဆားလင်းကြီးဘက်မှာ ၆၅၀  လောက်ပေါ့နော်။ ဒီမြို့နယ်တွေက ရေဘေးသင့်တာတွေဆိုလည်း အများအပြားရှိပေမဲ့ တချို့က နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာရှိနေသလို နေအိမ်တွေမှာဖြစ်သလိုနေနေတာတွေလည်းရှိပါတယ်။ ခုလှူဒါန်းမှုက ကျွန်တော်တို့ လက်လှမ်းမီသလောက်လှူဒါန်းခဲ့တာပါ” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စစ်ဘေး/ရေးဘေးသင့်ပြည်သူ သောင်းနဲ့ချီ ရှိနေတယ်လို့ ကူညီပေးနေသူများထံမှ သိရပါတယ်။

 

ဓာတ်ပုံ -အညာပစ်တိုင်းထောင်လေးများ