“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇွန် ၉ ရက်မှ ၁၅ ရက် အထိ)

Author လင်းနွေဦး
Categories
Published on Jun 16, 2024

“ပြန်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းများ”

 

အရင်အပတ်က ကျနှုန်းကောင်းခဲ့တဲ့ စက်သုံးဆီ‌ဈေးတွေဟာ ဒီတစ်ပတ်မှာတော့ အကုန်နီးပါး ပြန်လည် မြင့်တက်လာတာကို မြင်တွေ့ရမှာပါ။

 

ရိုးရိုးဒီဇယ်တစ်မျိုးသာ အရင်အပတ်ကအတိုင်း ၂၃၀၅ ကျပ်ကနေ ပြောင်းလဲခြင်းမရှိ တန့်နေခဲ့တာဖြစ်ပြီး အဆင့်မြင့်ဒီဇယ် တစ်လီတာ ဈေးနှုန်းကတော့ အရင်အပတ်ကထက် ၂၃၅၀ ကျပ်ကနေ တစ်လီတာ ၃၅၅ ကျပ်နှုန်း ပြန်ခုန်တက်ခဲ့တာပါ။

 

ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်း တစ်လီတာကို ၂၄၉၅ ကျပ်မှ ၂၀ ကျပ်နှုန်း ပြန်တက်လာခဲ့ပြီး 95 အောက်တိန်း တစ်လီတာကလည်း ၂၆၁၅ ကျပ်ကနေ ၃၀ ကျပ်နှုန်း ပြန်တက်လာခဲ့ပါတယ်။

 

ဂျွန်လ ၁၅ ရက်နေ့ စက်သုံးဆီ ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၇၀၅ ကျပ် နဲ့ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၅၁၅ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၆၄၅ ကျပ်ဈေးရှိခဲ့ပါတယ်။