အမြန်လမ်းပေါ် ရပ်ထားတဲ့ကားကို Express ကားက ဝင်တိုက်မိလို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Author အညာသား
Categories
Published on May 16, 2024

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၈-၆)ဖာလုံအနီးမှာ ဒီနေ့မနက်အစောပိုင်းက ရပ်ထားတဲ့ကားကို Express ကားက ဝင်တိုက်မိလို့ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒီနေ့ မေလ ၁၆ ရက် မနက် ၄ နာရီ ၄၅ မိနစ်ခန့်က ဝက်တွေတင်ဆောင်လာတဲ့ကား Light Truck(Hino Dutro)အဖြူရောင်ယာဉ်ဟာ နေပြည်တော်ကနေ မန္တလေးဘက်ကိုသွားရာလမ်းကြောင်းပေါ် ရပ်တန့်ထားတုန်း လားရာတူဘက်က မောင်းနှင်လာတဲ့ Express ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ နောက်ကဝင်တိုက်မိပြီး လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံးတွေကို ထပ်မံတိုက်မိတဲ့အတွက် လမ်းတစ်ဘက်ခြမ်းကို ရောက်ရှိရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတိုက်မိတဲ့အတွက် ဝက်တွေတင်ဆောင်လာတဲ့ကားပေါ်ပါ လေးဦးက ထိခိုက်မှုမရှိဘဲ Express ယာဉ်ပေါ်မှာပါတဲ့ အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦးအနက် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ဒဏ်ရာရရှိသူကို တံတားဦးမြို့နယ်ပြည်သူဆေးရုံမှာ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ ဖြစ်စဉ်ကို စကားအင်းအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ စကားအင်း အမြန်လမ်းရဲစခန်းက တာဝန်ရှိသူတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – အမြန်လမ်းမီးသတ်တပ်ဖွဲ့

 

Related News

Depend on news