တောင်ကုတ်မြို့ ရန်မျိုးကျေးရွာအုပ်စုအနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ

Author ပြည်စိုး
Categories
Published on Jun 15, 2024

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ရန်မျိုးကျေးရွာအုပ်စုအနီးကို စစ်ကောင်စီတပ်က ဒီကနေ့ မွန်းလွဲ ၁နာရီခွဲခန့်မှာ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တောင်ကုန်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။

 

တိုက်လေယာဉ်တွေနဲ့ တောင်ကုတ်မြို့ကို သုံးကြိမ်တိုင်တိုင် ပျံဝဲပြီးနောက်မှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

“Y12လို့ထင်တယ် ပထမနှစ်လုံး၊ ဒုတိယက ငါးလုံးဝန်းကျင်၊ တတိယက ဆယ်လုံးကျော်မယ် ၊ လှမ်းပြီးဆက်သွယ်တော့ ရန်မျိုးချောင်းဖျားနားကို ကြဲတာလို့ ပြောတယ်၊ မြို့နဲ့တော့ ဝေးပါသေးတယ် ၅မိုင်လောက်ဝေးဦးမယ်ထင်တယ်၊ အခု မြို့ပေါ်မှာ နေရာရွေ့ပြောင်းဖို့ လုပ်နေကြတယ်၊ လုံခြုံတဲ့နေရာရောက်တာနဲ့ ဆက်ပြီး သတင်းပို့ပါမယ်”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

 

တောင်ကုတ်မြို့ပေါ်က ဒေသခံ သုံးပုံနှစ်ပုံဟာ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်သွားကြသော်လည်း ငွေးကြေးမတတ်နိုင်သူ ဒေသခံအများစုဟာ မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ကျန်ရှိနေပါသေးတယ်။

 

ဒါ့အပြင် အရေးပေါ် ထွက်ပြေးတိမ်းရှောင်ဖို့လည်း ပြည်မြို့အထွက်လမ်းတစ်ခုကို တစ်ခုသာ ရှိနေပြီး အဲဒီလမ်းဟာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားပါတယ်။ ပင်လယ်ပြင်အတွင်းမှာရှိတဲ့ ကျွန်းစုကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ဖို့လည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပင်လယ်ပြင်အတွင်းမှာ လှိုင်းကြီးနေပြီး သွားလာဖို့ မဖြစ်နိုင်ဘူးလို့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။