ရွှေပြည်သာက မီးဘေးသင့်ပြည်သူ ၁၀ဝ ကျော် အကူအညီများ လိုအပ်

Author ကိုထက်
Categories
Published on May 01, 2024

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က မီးဘေးသင့်ပြည်သူ ၁၁၂‌ ဦးအတွက် အကူအညီလိုအပ်နေကြောင်း We Love Care လှုမှုစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

 

လတ်တလော ဆန်၊ ဆီ၊ ဆားနှင့် အစားအသောက်များကို အလှူရှင်အချို့က လှူဒါန်းထားမှုများရှိပြီး ပစ္စည်းများအားလုံးမီးထဲပါသွားသည့်အတွက် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ အိုးခွက်၊ ပန်းကန်များ လိုအပ်နေကြောင်း ယင်းလှုမှုစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူက ပြောသည်။

 

ဧပြီလ ၂၉ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ မဉ္ဇူလမ်းနှင့် ဗေဒါလမ်းထောင့်က မြေငှားတဲအိမ်စု နေအိမ် ၃၀ နီးပါး မီးလောင်ကျွမ်းခဲ့သည်။ မီးဘေးသင့်သူများသည် ရွှေပြည်သာရွာမ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်ကြသည်။

 

ဓာတ်ပုံ – We Love Care