ဥဒိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းထိ

Published on May 01, 2024

မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပန်းယျကျေးရွာမှ ဥဒိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းကို မတ္တရာမြို့နယ်ပကဖ၊ တိုက်နယ်နှင့် ပကဖ ပူးပေါင်းတပ်များက ဧပြီ ၂၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- မတ္တရာမြို့မှ ဧပြီ ၃၀တွင် သတင်းထုတ်ပြန်သည်။

 

စစ်ကောင်စီအင်အား (၂၅ )ဦးခန့်ပါ ဖောကားကို ဧပြီ ၂၅ရက်နေ့ မွန်းလွဲ ၃နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေး-မိုးကုတ်လမ်းဘေး ဥက္ကံကျေးရွာအနီးတွင် မိုင်း (၆) လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊  ပတ်လည်အင်းကျေးရွာ ရှမ်းမြောင်း စားသောက်ဆိုင်နီးအတွင် ပြည်သူများကို အစစ်ဆေးလုပ်နေသောဂိတ်မှ စစ်ကောင်စီတပ်သားများ စစ်ကူများလာရောက်ခဲ့သည်ကိုလည်း ထိုဆိုင်အနီးမှာပင် မိုင်း ၄ လုံးဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု မတ္တရာမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်တောက် မှ CJ Platform သို့ပြောသည်။

 

“ တံငါးကျေးရွာက စကစ ဖောကားကို မိုင်းစွဲတိုက်ခိုက်ခဲ့တာဖြစ်တယ် ဖောက်ခွဲခဲ့တဲ့မိုင်းအမျိုးအစားကိုတော့ ပြောလို့မရလို့ပါ စစ်ကူက ပြည်သူတွေကို စစ်ဆေးလုပ်နေတဲ့ စကစ က လာခဲ့တာဖြစ်တယ် စစ်ကူလာတဲ့ စကစ ကိုရှမ်းမြောင်းစားသောက်အနီးမှာပဲ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

 

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ၏ အထိအခိုက်ကိုမူ CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မတ္တရာမြို့နယ် ပကဖ၊တိုက်နယ် (၃) ပကဖ၊ တိုက်နယ် (၄) ပကဖ တို့မှ လက်နက်ကြီးများဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးအဖွဲ့- မတ္တရာ