ရွှေပြည်သာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး’ယပ်တောင်’သပိတ်ပြုလုပ်

Author ကိုထားဝယ်
Categories
Published on May 01, 2024

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် သပိတ်ကော်မတီ(SPTSC)က ယမန်နေ့ ဧပြီ ၃၀ ရက်နေ့က ‘ယပ်တောင်’သပိတ်ပြုလုပ်ခဲ့သည်။

 

ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးပြတ်တောက်နေမှုနှင့် လူထုနေ့စဥ်တွေ့ကြုံနေရသည့် အခက်အခဲများကို ဦးတည်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို YBS ယာဉ်များပေါ်၊ ပန်းခြံများနှင့် လမ်းများပေါ်တွင် “အာဏာရှင်စနစ်ကျဆုံးပါစေ”ဆိုသည့်စာသားများပါဝင်သည့် ယပ်တောင်များကိုကိုင်ဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်တွင် နွေအပူဒဏ်ကိုအံတုနေရသည့်အပြင် လျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်နေသဖြင့် မြို့ခံများအခက်ကြုံနေရသည်။

 

YBS နှင့် ဂက်စ်အသုံးပြု မော်တော်ယာဉ်များမှာလည်း မီးပြတ်၍ ဂက်စ်ရရန်အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းနှင့် ရသော်လည်း ဖိအား(Peessure)ပြည့်ပြည့်ဝဝမရသည့်အတွက် မောင်းနှင်ရမချောမွေ့ခြင်းများဖြစ်ပေါ်နေရသည်ဟု ယာဉ်မောင်းအသိုင်းအဝိုင်းထံမှ သိရသည်။

 

ဓာတ်ပုံ- SPTSC

Related News

Depend on news