မြင်းမူ၊ လက်ထုတ္တောရွာ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရမှုထဲက ဒဏ်ရာရသူ ၂ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၃၄ ဦးထိရှိလာ

Author မင်းထက်
Categories
Published on May 14, 2024

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှာ စစ်ကောင်စီရဲ့ လူအစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရသူတွေထဲက ဒဏ်ရာရသူနှစ်ဦး ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ ၃၄ ဦးထိရှိလာပြီဖြစ်တယ်လို့ မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့(CDSOM)မှ တာဝန်ရှိသူ ဗိုလ်နွေဦးက ပြောပါတယ်။

အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက အဲဒီကျေးရွာထဲစီးနင်းဝင်ရောက်ပြီး ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ရွာထဲက အမျိုးသား (၆)ဦး စုစုပေါင်း ဒေသခံပြည်သူ (၃၁) ဦးတို့ကိုပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

ဒါ့အပြင် အဲဒီပစ်ခတ်မှုထဲ ဒေသခံ ၁၇ ဦးခန့်ဒဏ်ရာရရှိခဲ့တဲ့အနက် တစ်ဦးဟာ ဆေးရုံပို့ဆောင်စဉ် လမ်းမှာပဲ သေဆုံးခဲ့တာပါ။ အဲဒီစစ်ကြောင်းဟာ ဒေသခံ ၂၀ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် မေလ ၁၂ ရက်နေ့မှာ ဒဏ်ရာရ အသက် ၈၀ ကျော် အဘွားအိုတစ်ဦးသေဆုံးခဲ့သလို ဒီနေ့ မေလ ၁၄ ရက်နေ့မှာ ဒဏ်ရာရအမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ အရပ်သား ၃၄ ဦးထိရှိလာခဲ့တာလို့ CDSOM ဆီက သိရပါတယ်။

“ဒီကနေ့လည်း ဒဏ်ရာရ အမျိုးသားတစ်ဦးထပ်သေဆုံးတယ်။ ဒေသခံတွေအတွက်က အကူညီတွေလိုအပ်နေပါတယ်။ ရေရှားပါးတဲ့အရပ်ဆိုတော့ ရေအကူညီတွေပါလိုအပ်နေတယ်” လို့ CDSOM က တာဝန်ရှိသူ ဗိုလ်နွေဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘုန်းကြီးကျောင်းမှာရှိတဲ့ အများသုံး ရေတွင်းကို သုံးမရအောင် ဖျက်ဆီးခဲ့လို့ သောက်သုံးရေလိုအပ်ချက်အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

ဒီလိုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ အမှတ်(၁၃)ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ်(၉၂၉)ထောက်ပို့နဲ့ ဆက်သွယ်ရေးတပ်ရင်းနဲ့အတူ ပျူစောထီးအဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တာလို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။

လက်ထုတ္တောကျေးရွာဟာ အိမ်ခြေ ၈၀ဝ နီးပါးရှိတဲ့ ကျေးရွာကြီးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်တပ်က နေအိမ် ၆၀ဝ နီးပါး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီမီးရှို့မှုကနေ ပြန်လည်ဆောက်လုပ်ထားတဲ့ တဲအသစ်တွေဟာလည်း အခု ဒုတိယအကြိမ် မီးရှို့မှုမှာလည်း ပါဝင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလထဲမှာလည်း မြင်းမူမြို့နယ်၊ ‌ခြေရာတော်ရွာအနီး မြင်းမူ-မြောင်လမ်းမပေါ်မှာ PDF ရဲဘော် ၂၆ ဦးကို သတ်ဖြတ်သွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်စဉ်ဟာ မြင်းမူမြို့နယ်ထဲ PDF အများဆုံး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပြီး အဲဒီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပလဖ)က ၂ ဦး၊ မြင်းမူ Black Eagle အဖွဲ့က ၁၈ ဦး နဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က ၆ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

မှတ်ချက် ။         ။ သတင်းဓာတ်ပုံများသည် အများပြည်သူ စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ပါသဖြင့် Facebook တွင် ဖော်ပြထားခြင်း မရှိပါ။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှာဖွေရာတွင် သက်သေအချက်အလက်များအဖြစ် သိမ်းဆည်းထားနိုင်ရန်အတွက် CJ Platform ၏ Website တွင်သာ ထည့်သွင်းဖော်ပြထားပါသည်။ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ကြည့်ရှုရန် မသင့်တော်ပါ။