ပလုံကောက်နေတဲ့ မိသားစု ကားတိုက်ခံရပြီး ကလေးငယ်တစ်ဦး သေဆုံး

Author လဂွန်းအိမ်
Categories
Published on May 14, 2024

မကွေးမြို့ မှာ ပလုံကောက်နေတဲ့ မိသားစုကို ရေသယ်ယာဉ်တစ်စီးက ဝင်ရောက် တိုက်မိခဲ့တာကြောင့် အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး မိခင်အပါအဝင် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့  ရောင်စုံမေတ္တာလူမှုကူညီရေး အသင်းထံမှ သိရပါတယ်။

 

မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းမှာ မကွေးမြို့ အဝေရာလမ်းရှိ လဝက ရုံးရှေ့မှာ ဖြစ်ပွားခဲ့တာပါ။

” ဘယ်လိုပုံစံမျိုး တိုက်သွားလဲဆိုတာတော့ မျက်မြင်မဟုတ်တဲ့အတွက် မပြောတတ်ပါဘူးဗျ၊ သေဆုံးသွားတဲ့ ကလေးငယ်ကတော့ ဦးခေါင်းကွဲဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ၊ ကျန်တဲ့ ဒဏ်ရာရလူနာတွေရော သေဆုံးကလေးငယ်ရော ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ” လို့ ရောင်စုံမေတ္တာ လှုမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဝင်တိုက်ခဲ့တဲ့ ရေသယ်ယာဉ်ဟာ ထွက်ပြေးသွားခဲ့ပေမယ့် နာရီဝက်အတွင်း ဖမ်းမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

ယာဉ်တိုက်မှုကြောင့် မိခင်ဖြစ်သူဟာ သတိလစ်မြောသွားခဲ့ရပြီး ကျန်ကလေးငယ် နှစ်ဦးထဲက အသက် (၁၀)နှစ်အရွယ် ကလေးငယ်ကတော့ ပေါင်ကျိုးခဲ့ကာ အသက် (၄)နှစ်အရွယ် ကလေးငယ်ကတော့ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း