သင်္ကြန်ရက်အတွင်း တပ်ရိက္ခာအတွက် စိုက်ပျိုးထားသည့် ကြက်သွန်ခင်းများကို PDF များ ခူးဆွတ်

Author စကားဝါ
Categories
Published on Apr 14, 2024

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ရိက္ခာအတွက် စိုက်ပျိုးထားသည့် ကြက်သွန်းခင်းများကို တပ်ဖွဲ့ဝင်များက သင်္ကြန်ပွဲတော်ကာလအတွင်း ခူးဆွတ်ရိတ်သိမ်းနေကြပါတယ်။

 

“ဒီနေ့ဟာ ရဲဘော်တွေ ပျော်ကြရတဲ့နေ့ဆိုလည်း မမှားပါဘူး၊ ကိုယ်တိုင်စိုက် ရေလောင်းပေါင်းသင်းထားတဲ့ ကြက်သွန်ခင်းကိုဖြင့် ဒီနေ့မှာ ရိတ်သိမ်းကြတာပဲဖြစ်ပါတယ်။ အညာနွေပူပူထဲ မိမိစိုက်ပျိုးခဲ့မှုကို မိမိရိတ်သိမ်းရလို့ ပီတိတွေနဲ့ပေါ့”လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ဆိုပါတယ်။

သင်္ကြန်အကြိုနေ့ကတည်းက တပ်ဖွဲ့ဝင်တွေဟာ ကြက်သွန်နုတ်၊ လှည့်ဖြင့်သယ်၊ ကြက်သွန်အမိတ်များဖြတ်ကြနဲ့ မအားလပ်အောင် ရှိနေကြလို့ သိရပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ဒီမိုကရက်တစ်တပ်တော်

Related News

Depend on news