ကျောက်သေတ္တာကြီးကြောင့် ပြောင်းရွှေ့ခိုင်းထားတဲ့ စုကြီးရပ်ကွက်ကို ပြန်လည်နေထိုင်ခွင့်ပေး

Author CJ Platform
Categories
Published on Jun 14, 2025

မန္တလေးတိုင်း ကျောက်ဆည်မြို့  စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်မှာ ရှိတဲ့ ကျောက်သေတ္တာခေါ် ကျောက်တုံးကြီးရဲ့ ပြိုကျမယ့်အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူတွေကို ပြန်လည်နေထိုင်ဖို့ ခွင့်ပြုခဲ့လိုက်ပြီလို့ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ညမှာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

 

စုကြီးရပ်ကွက်မှာရှိတဲ့ လူနေအိမ်တွေနဲ့ မြို့မဈေးကို နေထိုင်ခွင့်နဲ့ ဆိုင်ပြန်ဖွင့်ခွင့် ပြုလိုက်ပေမဲ့ နေအိမ် ၇ လုံးနဲ့ သစ္စာမြိုင်စာသင်တိုက်ကိုတော့ ပြောင်းရွှေ့ဖို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး ပြိုကျနိုင်ဖို့ ၉၀ ရာခိုင်နှုန်းရှိတာကြောင့် ဧပြီလ ၃ ရက်နေ့က ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

 

ဒေသအာဏာပိုင်တွေက မြောက်ဘက် လေးမျက်နှာဘုရားလမ်း၊ အရှေ့ဘက် ရွှေသာလျောင်းတောင်ခြေ၊ တောင်ဘက် ဈေးလမ်း၊ အနောက်ဘက် မင်းရဲမြောင်း နယ်နမိတ်အတွင်းကို အန္တရာယ်ဇုန်အဖြစ် အရေးပေါ်သတ်မှတ်ခဲ့ပြီး နှစ်ရက်အတွင်း ပြောင်းရွှေ့ခိုင်းခဲ့တာပါ။

 

ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စစ်ကောင်စီက ဘူမိဗေဒတိုင်းတာရေးလုပ်ငန်းတွေအပြင် နည်းပညာများ အသုံးပြုပြီး မူလပုံစံ မပျက် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

 

လက်ရှိမှာ စုကြီးရပ်ကွက်အတွင်းရှိ နေအိမ်တွေကို ပြန်လည်နေထိုင်ဖို့ ခွင့်ပြုပေးခဲ့ပြီး နေအိမ်တချို့နဲ့ စာသင်တိုက်တစ်ခုကိုတော့ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်