စစ်ကောင်စီရဲ့ ပူလူတူစခန်းကို KNLA သိမ်းပိုက် စစ်သားတွေ ထိုင်းကိုထွက်ပြေး

Author CJ Platform
Categories
Published on Mar 14, 2025

ကရင်ပြည် လှိုင်းဘွဲ့မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၃၁) တပ်ရင်း အခြေစိုက်စခန်းဖြစ်တဲ့ ပူလူတူစခန်းကို KNLA တပ်မဟာ(၇)ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက မတ်လ ၁၄ရက်နေ့ အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေဟာ စခန်းကိုစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

 

KNLA ပူးပေါင်းအဖွဲ့က ပူလူတူစခန်းကို ဖေဖေါ်ဝါရီ ၂၆ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုလည်း များပြားခဲ့သလို တချို့ဟာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ထွက်ပြေးခဲ့တာကြောင့် ထိုင်းစစ်တပ်က လက်ခံထားရှိပြီး လူသားစာနာမှု အကူညီတွေ ပေးအပ်နေရတယ်လို့ သိရပါတယ်။

 

ပူလူတူစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဘက်ကတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

 

ဓာတ်ပုံ – မဲဆောက်မီဒီယာ