မြန်မာအမျိုးသမီး ဖိုက်တာ ဘရော်နီကာရဲ့ ONE Championship ပွဲဦးထွက် ဒီညနေမှာ ထိုးသတ်မယ်

Author CJ Platform
Categories
Published on Feb 14, 2025

ကယန်းလက်ဝှေ့မယ်တစ်ဦးဖြစ်တဲ့ မြန်မာအမျိုးသမီး ဖိုက်တာ ဘရော်နီကာရဲ့ ONE Championship ပွဲဦးထွက် ထိုးသတ်ပွဲပါဝင်တဲ့ ONE Championship ပွဲစဉ်တွေကို ဒီကနေ့ ဖေဖေါ်ဝါရီ ၁၄ရက်နေ့ ညနေ ၆နာရီခွဲမှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမဲ့ ONE Championship ပွဲစဉ်တွေထဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ချီလီဖိုက်တာတစ်ဦးဖြစ်တဲ့ ဖရန်စစ္စကာ ဗီရာ အသက်(၂၅)နှစ်နဲ့ ထိုးသတ်မယ့် ပွဲစဉ်လည်း ပါဝင်နေပါတယ်။

 

ဘရော်နီကာအတွက် အခုပွဲဟာ ONE Championship ရဲ့ ပထမဆုံးပွဲဦးထွက်ဖြစ်ပေမဲ့ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဖရန်စစ္စကာ ဗီရာကတော့ ONE Championship မှာ ငါးပွဲထိုးသတ်ခဲ့ဖူးပြီး နှစ်ပွဲနိုင်၊ သုံးပွဲအမှတ်နဲ့ ရှုံးနိမ့်ဖူးပါတယ်။

 

Thai Fight ပြိုင်ပွဲတွေမှာ နာမည်ကြီးခဲ့တဲ့ ဘရော်နီကာဟာ မွေထိုင်းချန်ပီယံ နှစ်ကြိမ်ရရှိခဲ့ဖူးသူဖြစ်ပြီး Thai Fight ရဲ့ နောက်ဆုံးပွဲစဉ်မှာလည်း အာဂျင်တီးနားသူ ဖလော်ရန်စီယာနဲ့ ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရရှိခဲ့ပါတယ်။

 

အရင်က မြန်မာ့ရိုးရာလက်ဝှေ့မယ် တစ်ဦးဖြစ်ခဲ့တဲ့ ဘရော်နီကာဟာ စစ်အာဏာသိမ်းချိန် အစောပိုင်းကတည်းက မွေထိုင်းဘက်ကို ကူးပြောင်းလေ့ကျင့်ပြီးတဲ့နောက်မှာ အခုလို ONE Championship ထိ တက်လှမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – ဘရော်နီကာ Facebook