စစ်ခေါင်းဆောင်ကို လုံခြုံရေးပေးနေတဲ့ အင်းစိန် ခလရ-၁၆ ကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ကြို့ကုန်းဘူတာအနီးက စစ်ကောင်စီရဲ့ ခလရ-၁၆ ကင်းဂိတ်ကို ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ God’s Hand Force အဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ အဲဒီတပ်ရဲ့ ကင်းဂိတ်ကို ကင်းစောင့်စစ်သားနှစ်ဦး ရှိနေစဥ် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ခလရ ၁၆ တပ်ဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အကြမ်းဖက်နှိမ်နင်းရေးတပ်တစ်ခုဖြစ်ကာ အဲဒီတပ်က စစ်ကောင်စီတပ်သားတွေကပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနီးကပ်ကာကွယ်ပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဓာတ်ပုံ – ဝီကီပီဒီးယား