‘စစ်ရှောင်တွေ ဗိုက်ဝကြပါစေ’ ဆိုပြီး ဆားလင်းကြီးက စစ်ရှောင် ၈၀ စာ အညာမုန့်တီကျွေးမွေး

Author ကိုထားဝယ်
Categories
Published on Jun 13, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ လူ ၈၀ ဦးစာ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်စာအတွက် အညာမုန့်တီ ကျွေးမွေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရပါတယ်။

“စစ်ရှောင်‌ပြည်သူများ ဗိုက်ဝကြပါစေ” လို့လည်း အညာဒေသတခွင်ရှိ စစ်ရှောင်ပြည်သူတွေကို အစားအသောက်တွေနေ့စဉ်လိုက်လံလှူဒါန်းနေတဲ့ အဲဒီအဖွဲ့က ဆုတောင်းစကားဆိုထားပါသေးတယ်။

မနေ့ကလည်း ဆားလင်းကြီးမြို့နယ်ထဲက ရက်ရှည်စစ်ရှောင်နေရာ လေးခုမှာ အသားဟင်း၊ အသီးအရွက်ဟင်းနဲ့ သရက်ချဉ်သုတ်တို့ပါဝင်တဲ့ ထမင်းတစ်နပ်စီ အလှူရှင်တွေကိုယ်စား သွားရောက်ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရပါတယ်။

 

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ