ဗုံးခိုကျင်း (သို့) မြေအောက် စာသင်ခန်းလေးများ

Author CJ Platform
Categories
Published on May 13, 2025

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြား ကလေးငယ်တွေ လုံခြုံစွာ စာသင်ကြားနိုင်တဲ့ မြေအောက် စာသင်ခန်းလေးတွေကို HOPE For Burma အဖွဲ့က ဒီကနေ့ မေ ၁၃ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

 

မြေအောက်မှာ ဗုံးခိုကျင်းအဖြစ် ခိုင်မာစွာ တည်ဆောက်ထားပြီး နေ့အခါ စာသင်ကျောင်းအဖြစ် လုပ်ဆောင်ကာ ညအခါတွေမှာ စစ်ဘေးရှောင် ပြည်သူတွေ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

စာသင်ကြားမှုမရပ်တန့်စေရေး နှင့်လုံခြုံစွာ စာသင်ကြားနိုင်ခွင့်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုလို လုပ်ဆောင်ခဲ့တာ တစ်နှစ်တိတိရှိခဲ့ပြီးနောက် မြောက်အောက် စာသင်ခန်း စုစုပေါင်း (၅)ကို တည်ဆောက်ပေးနိုင်ခဲ့ပြီးပြီလို့ သိရပါတယ်။

 

HOPE For Burma က တည်ဆောက်ပေးထားခဲ့တဲ့ မြောက်အောက် စာသင်ခန်းတစ်ခုကြောင့် ကလေးငယ်တွေ အသက်ဘေးက လွတ်ကင်းခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ သူတို့က ဆိုပါတယ်။

 

အခုလို စာသင်ခန်းတွေ ထပ်မံများစွာ တည်ဆောက်နိုင်ဖို့ HOPE For Burma အဖွဲ့ကို ကူညီပံ့ပိုးပေးကြဖို့ကိုလည်း သူတို့က အကူညီတောင်းခံထားပါတယ်။

 

HOPE For Burma ကို ဆက်သွယ်လိုပါက Facebook လူမှုကွန်ရက်မှာ HOPE For Burma လို့ ရိုက်ရှာပြီး ဆက်သွယ်နိုင်ပါတယ်။

 

ဓာတ်ပုံ – HOPE For Burma