အကယ်ဒမီ ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ကမ်ပိန်းမှာ စင်ကာပူက ပထမနေရာကနေ ဦးဆောင်နေဆဲ

Author CJ Platform
Categories
Published on Feb 13, 2025

အကယ်ဒမီ ပိုင်ဖြိုးသုရဲ့ လူတိုင်းအကယ်ဒမီရနိုင်ပါတယ်ဆိုတဲ့ အကယ်ဒမီရုပ်ကမ်ပိန်းကို ဖေဖော်ဝါရီ ၁ရက်နေ့က စတင်ခဲ့ရာ ဒီကနေ့အချိန်ထိ  ကမ်ပိန်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေအနက် စင်ကာပူကဘဲ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

 

အကယ်ဒမီရုပ်ကမ်ပိန်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ၂၁ ရက်နေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုကိုယ်တိုင် မဲဖောက်ပြီး ကံထူးရှင်ကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ကမ်ပိန်းမှာ ပါဝင်တဲ့ တတိယဆု ဖြစ်တဲ့ တွယ်ချိတ်ပုံ နားကပ်ဟာ အရင်နှစ်က တင်ဆက်ခဲ့တဲ့ သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ Music Concert မှာ အကယ်ဒမီ ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့တဲ့ ၃၅ဘတ်တန် တွယ်ချိတ်နားကပ်လေးနဲ့ ပုံစံတူ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ နားကပ်လေး ဖြစ်တယ်လို့ ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပြောပါတယ်။

 

“အဲ့ဒီ တွယ်ချိတ်နားကပ်လေးက သုသု online shop ကနေ မှာထားတာ ထိုင်းငွေနဲ့ ၃၅ ဘတ်ပဲ ပေးရပါတယ်။ အခု အကယ်ဒမီရုပ်ကမ်ပိန်းလုပ်ဖြစ်တော့ သုသုနဲ့ဆိုင်တဲ့လက်ဆောင် ဘာတွေများ ထပ်ထည့်ပေးရမလဲ စဉ်းစားရင်း ဒီတွယ်ချိတ်နားကပ်လေးတွေကို ရွှေအစစ်နဲ့လုပ်ထားတာလေး (၃)ရံ လက်ဆောင်ပေးမယ်ဆိုတာမျိုး ဆုံးဖြတ်လိုက်တယ်”လို့ ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

 

ပိုင်ဖြိုးသုရဲ့ စစ်ဘေးရှောင်တွေကို ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ အကယ်ဒမီရုပ် ကမ်ပိန်းမှာ နိုင်ငံအလိုက်ပါဝင်နေတဲ့ ရာခိုင်နှုန်းတွေအရ စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး မြန်မာ၊ ယူအက်စ်၊ ထိုင်း၊ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။

 

ဓာတ်ပုံ – ပိုင်ဖြိုးသု Facebook