ဘိုင်ဒင်က လူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး အခြားလူ ၁,၅၀၀ ကျော်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေး

Author CJ Platform
Categories
Published on Dec 13, 2024

ရာထူးကနေ နုတ်ထွက်ရတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က အကြမ်းမဖက်တဲ့ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့သူ ၁,၅၀၀ ဝန်းကျင်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးလိုက်တယ်လို့ ပြောဆိုပါတယ်။

 

ဘိုင်ဒင်က သူ့ရဲ့သား ဟန်တာဘိုင်ဒင်ကို အကန့်အသတ်မဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး တစ်ပတ်အကြာမှာပဲ အခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်တွေ ထပ်ပြီးပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

အမေရိကန် တရားစီရင်ရေး စနစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူ ထောင်ပေါင်းများစွာကိုလည်း အလားတူ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဘိုင်ဒင်ရဲ့ တောင်းဆိုမှုတွေကို အိမ်ဖြူတော်က နားစွင့်လျက်ရှိတယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့အပတ်တုန်းက ပြောဆိုပါတယ်။

 

ဘိုင်ဒင်က သူလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့သူတွေဟာ ဒီနေ့ခေတ် ဥပေဒေတွ၊ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ တရားစွဲဆိုခံရမယ်ဆိုရင် ပိုမိုတိုတောင်းတဲ့ ပြစ်ဒဏ်တွေ ရရှိမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက  အကြမ်းမဖက်တဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ အရပ်ဘက်အဖွဲ့အအစည်းတွေက မတရားထောင်ချခံရတယ်လို့ သတ်မှတ်ထားသူတွေအတွက် လွမ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စကို တွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောဆိုပါတယ်။

 

“သမ္မတတစ်ဦးအနေနဲ့ နောင်တရပြီး ပြုပြင်မွမ်းမံမှုတွေပြသခဲ့သူတွေကို သနားညှာတာခွင့် ပေးနိုင်ခြင်း၊ အမေရိကန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ ပါဝင်နိုင်ဖို့နဲ့ သူတို့တွေရဲ့ အသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်ဖို့ အခွင့်အလမ်းတွေ ပြန်လည်ပေးအပ်ခြင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ‌တွေ အပါအဝင် အကြမ်းမဖက်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေအတွက် ပြစ်ဒဏ်ချမှတ်မှု ကွာဟချက်တွေကို ဖယ်ရှားဖို့ အဆင့်တွေကို ဆောင်ရွက်နိုင်ခြင်း စတဲ့အရာတွေကို လုပ်ကိုင်နိုင်တဲ့ အခွင့်ထူးကြီးကို ရရှိထားပါတယ်” လို့ ဘိုင်ဒင်က ပြောဆိုပါတယ်။

 

ဘိုင်ဒင်ဟာ လာမယ့်ရက်သတ္တပတ်တွေမှာ နောက်ထပ်အဆင့်တွေ ဆောင်ရွက်သွားမှာဖြစ်ပြီး စူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း လွန်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်တွေကို ဆက်ပြီး သုံးသပ်သွားမှာဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

 

ကျွမ်းကျင်သူတွေကတော့ ဘိုင်ဒင်ကြေညာခဲ့တဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုတွေဟာ အရပ်ဘက်လူ့အခွင့်အရေးအဖွဲ့တွေ လွှတ်ပေးဖို့ တိုက်တွန်းနေတဲ့သူတွေထက် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရောဂါပိုးပျံ့နှံ့မှုကို လျှော့ချဖို့ နေအိမ်အကျယ်ချုပ်ချမှတ်ခံထားရသူတွေအတွက်သာ ဖြစ်နေတယ်လို့ ပြောပါတယ်။

 

“လာမယ့်ရက်တွေမှာ ဘိုင်ဒင်အနေနဲ့ အဲဒီလူတွေ (အရပ်ဘက်အဖွဲ့အစည်းတွေက လွှတ်ပေးဖို့ တိုက်တွန်းထားသူတွေ) ကို သေချာကြည့်ရှုပြီး သူ့ရဲ့ အာဏာကို ပိုပြီးအသုံးပြုဖို့ စဉ်းစားစေလိုပါတယ်” လို့ အရပ်ဘက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ခေါင်းဆောင်မှုညီလာခံ အဖွဲ့အစည်းရဲ့ အကြီးတန်း ပရိုဂရမ် မန်နေဂျာ တီရာဘရက်ဖို့ဒ်က ပြောပါတယ်။

 

ဘိုင်ဒင်ရဲ့ လုပ်ဆောင်မှုကို မက်ဆာချူးဆက်ပြည်နယ်က လွှတ်တော်အမတ်နဲ့ ထိပ်တန်းဒီမိုကရက်တစ်ဦးလည်းဖြစ်တဲ့ အယန်နာ ပရက်စလီက “အဓိပ္ပာယ်ရှိပြီး သမိုင်းဝင်တဲ့ လုပ်ဆောင်ချက်” လို့ ပြောဆိုချီးကျူးပါတယ်။

 

သူ(မ) ဟာ မကြာသေးခင်က ဘိုင်ဒင်ဆီကို အကြမ်းမဖက်တဲ့ ပြစ်မှုကျူးလွန်ထားသူ အမေရိကန်နိုင်ငံသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တိုက်တွန်းတဲ့စာ‌ ရသားပေးပို့ဖူးသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူ(မ) ရဲ့ထုတ်ပြန်ချက်မှာ ဘိုင်ဒင်ဟာ ကျန်ရှိနေသေးတဲ့ ဟမ္မတသက်တမ်း ၃၉ ရက်တာအတွင်း သူ့ရဲ့အာဏာကို ပိုပြီးကျင့်သုံးနိုင်တယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။

ဘိုင်ဒင်ရဲ့ အခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးအပ်ခဲ့တာဟာ တစ်ရက်တာအတွင်း အများဆုံး ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

“သမ္မတဟာ ဒီကိစ္စကို အလွန့်အလွန် အလေးအနက်ထားတာဖြစ်ပြီး ရွေးချယ်စရာအားလုံးကို  အထူးသဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံစာတွေကို ပြန်လည်သုံးသပ်သွားမှာပါ” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး ကာရင်ဂျင်းပီယဲရ် ကပြောပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတရာထူးလက်ခံမယ့် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က ကာပီတယ်လ်အဆောက်အအုံကို စီးနင်းရာမှာ ပါဝင်ခဲ့တဲ့ ဆူပူသူတွေကို ရာထူးလက်ခံတဲ့ ပထမဆုံးနေ့မှာပဲ လွတ်ငြမ်းချမ်းသာခွင့်တွေ ပေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် ပိုမိုကျယ်ပြန့်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်ချက်တွေ ဖြစ်ပေါ်လျက်လည်းရှိပါတယ်။

 

ဓာတ်ပုံ – Eric Lee/ The New York Time

 

ပုံစာ- အမေရိကန်သမ္မတဂျိုးဘိုင်ဒင်

 

ကိုးကား- Reuters